Thursday, 20 September 2007

လူဆိုးစာရင်း

လူအများနဲ့ အလုပ်လုပ်ကြပြီဆိုရင် တွေ့ရတတ်တဲ့ လူဆိုးတွေ ရှိတယ်ဗျာ။ ဒီလို ပြောလို့ မင်းက ဘယ်လောက် ကောင်းလို့လဲ ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ခပ်ဆိုးဆိုးပါပဲ။ ဒါပေမယ့် ကျွန်တော် ကြုံခဲ့ဖူးပြီး နောက်ထပ် မကြုံချင်တဲ့ လူဆိုးစာရင်းကို ပြုစုကြည့်တာပါ။

(၁) ကိုယ်တိုင် အလုပ်မလုပ်ပဲနဲ့ သူများလုပ်ထားတာကို နာမည် ၀င်ယူတဲ့လူ
(၂) အထက်လူကြီးရဲ့ မျက်နှာမရ ခြေထောက်ပဲရမယ့် အလုပ်မျိုးကို ဟိုလူ ဒီလူကို အတင်း ထိုးပေးတဲ့လူ
(၃) အထက်လူကြီးရဲ့ ရှေ့မှာ အလုပ်အရမ်းကြိုးစားသယောင်နေပြပြီး ကွယ်ရာမှာ ဘာမှ မလုပ်တဲ့လူ
(၄) ကိုယ်တစ်ယောက်ထဲ ကောင်းစားဖို့အရေး အများကို ချောက်ချ၊ တွန်းတိုက်၊ နင်းကန်ပြီး အပေါ်ကို တက်တဲ့လူ
(၅) ကိုယ့်ထက်သာ မနာလိုတဲ့လူ
(၆) အထက်ဖား အောက်ဖိတဲ့လူ
(၇) အပြောချိုချိုနဲ့ စကားနှိုက်ပြီး ကွယ်ရာမှာ အတင်းတုတ်တဲ့လူ
(၈) နေရာတကာ ဆရာကြီးမလုပ်ရရင် မနေနိုင်တဲ့လူ
(၉) ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ စပ်စပ်စုစု မေးတဲ့လူ
(၁၀) အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံရဖို့ ဆိုတာလောက်ပဲ သိတဲ့လူ

ထပ်ဖြည့်ချင်တာ ရှိရင် ပြောသွားကြဦးဗျာ။ ကျွန်တော်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ဦးမယ်။

ရေးသားသူ

သူများကို ဝေဖန်ဖို့ပဲ မျက်လုံးဒေါက်ထောက်ကြည့်နေသူ :P

No comments: