Wednesday, 30 April 2008

အချစ်ဆိုတာ

အချစ်တဲ့…
အချစ်ဆိုတာ ဘာလဲ?

ပြောကြတာတော့ ကြားဖူးတယ်
“အ” လို့ချစ်တာ တဲ့..

ဒီလိုဆိုရင်
ငါက “အ” နေတာပါလား….

ဒါဆို
သူရော..သူ
သူဘယ်လိုရှိပါလိမ့်..
စဉ်းစား စဉ်းစား

ဟာ…
သူက မ “အ” ဘူးဟ

ကိုယ် “အ” တော့ ကိုယ်ခံပေါ့…..

MAIN MA !!!

ယောက်ျားလေးများကို အန်စေသောမိန်းမ
၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်အသလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျှောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ဗျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ

အချစ်ဇယား

ဒီတစ်ယောက်က အချစ်ဦးမို့
တစ်သက်မမေ့နိုင်ဖြစ်ရသ်ည။

ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။

ဟောဒီတစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။

ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။

အဲဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်။

စေ့စပ်ထားတဲ့ ကောင်မလေးက
အိနြေ္ဒရင်လေးမို့ လက်မလွှတ်ချင်အောင် ဖြစ်ရသည်။

ကျွန်တော့် စိတ်ကူးအိမ်မက်များ

ဒီစာလေးကို တွေ့ထားတာတော့ ကြာပြီဗျ. .. ခုမှ စိတ်ကူးလေးရလာလို့ သူငယ်ချင်းတွေအားလုံးအတွက် တင်ပေးလိုက်တယ်နော်…..

ကျွန်တော့် စိတ်ကူးအိမ်မက်များ

ကျွန်တော် မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။
ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကတော့ သာမန်ပါပဲ။ ဖတ်ကြည့်ပါဦး…

(၁) ကျွန်တော်ယူမယ့် မိန်းမက လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာမလိုပါဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာကောင်းရင်
တော်ပါပြီ။ ကျွန်တော် ရယ်စရာပြောရင်လိုက်ရယ်တတ်ရမယ်။

(၂) ကျွန်တော်ယူမယ့် မိန်းမရဲ့အိမ် ဘယ်လိုပုံစံရှိတယ်ဆိုတာကိုလည်း စိတ်မ၀င်စားပါဘူး။ အိမ်ကျယ်ရင် ပြီးရော။

(၃) မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘတွေက တစ်ဝက်။

(၄) အသွင်မတူရင် အိမ်တူမဖြစ်ဘူးဆိုတာကို ကျွန်တော်နားလည်တယ်။ ဒါကြောင့် လက်ထပ်ပြီးတဲ့ အခါ စိတ်တူကိုယ်တူဖြစ်အောင်လုပ်မယ်။ ဆိုကြပါစို့ … မြို့လည်ရုပ်ရှင်ရုံမှာ မင်းသားလွင်မိုးပါတဲ့ ကားသစ်တင်လို့ “သွားကြည့်ရအောင်” လို့ သူမက
ပြောမယ်။ လွင်မိုးကို ကျွန်တော်မကြိုက်ဘူ။ မလိုက်ချင်ဘူးလို့ ကျွန်တော်ကငြင်းတယ်။ အဲဒီလို အခြေအနေမျိုးဖြစ်လာရင် နှစ်ယောက်စလုံးမသွားတော့ဘူး။ ရုပ်မြင်သံကြားကလာတဲ့ ကိုးရီးယားကားကိုပဲ ကြည့်မယ်။

(၅) သူရဲ့ ကျန်းမာရေးကိုလည်း ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့ အစားအစာတွေ ဥပမာ … ဈေးကြီးပေးရတဲ့ ချောကလက်ကို သူလက်ဖျားနဲ့ တောင် မထိစေရဘူး။ ကျွန်တော်ပဲ စားမယ်။

(၆) ကျွန်တော်ယူမယ့် မိန်းမဟာ ခေတ်နဲ့ တစ်ပြေးညီ စတိုင်ကျကျဝတ်နိုင်အောင် ကျွန်တော်ဆင်ပေးမယ်။ ဒါပေမယ့် ဈေးကြီးတဲ့ အ၀တ်အစားတွေ မဖြစ်စေရဘူး။

(၇) ထမင်းဟင်းကို သူ့မ ဘယ်လိုပဲချက်ချက် ကျွန်တော့်အတွက် အရေးမကြီးဘူး။ အရသာရှိရင်တော်ပါပြီ။

(၈) မြန်မာဟင်းလျာကြီးပဲ ချက်စရာမလိုပါဘူး။ ဒီနေ့ မြန်မာစာ၊ နောက်နေ့ ကုလားစာ၊ အဘက်ခါကျတော့ တရုတ်စာ စသည်ဖြင့် ပြောင်းလဲပြီးတော့ ချက်ရင်လည်းလက်ခံတယ်။ ဒီကိစ္စမှာ သူမကိုလုံးဝ လွတ်လပ်ခွင့် ပေးထားတယ်။

(၉) အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့ အ၀တ်အစားတွေတော့ အမြဲတမ်းသန့်ရှင်းနေရမယ်နော်။

(၁၀) အိမ်ခန်းကိုသန့်ရှင်းဖို့ သူမကို ကျွန်တော်တောင်းဆိုမှာ မဟုတ်ပါဘူး။ အိမ်ရှင်မကောင်းတစ်ယောက်ဆိုရင် သူမရဲ့ အသိစိတ်ဓါတ်နဲ့ သူမ လုပ်ပါလိမ့်မယ်။

(၁၁) လှဲကျင်းလျှော်ဖွတ်ရလို့ သူမပင်ပန်းနေပြီဆိုပါစို့..။ အဲဒါဆိုရင်သူမကို ကျွန်တော် အနားယူခိုင်းမယ်။ အမောပြေပြီဆိုတော့မှ ကျန်တဲ့ပန်းကန်ခွက်ယောက်တွေကို ဆေးခိုင်းမယ်လေ။

(၁၂) ဈေးကိုတော့ အမြဲအဖော်လိုက်ပေးမယ်။ အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ပဲကိုင်ပေးမယ်။ အပြန်ကျမှ သူမကို အလှည့်ပေးမယ်။

(၁၃) ကျွန်တော့်သဘောထားနဲ့ တိုက်ဆိုင်တာမှန်သမျှ သူမပြောတာကို ကျွန်တော်လက်ခံနားထောင်မယ်။

(၁၄) သူမရဲ့ အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ ဒါကြောင့် သူ့လက်ထဲကို ပိုက်ဆံတစ်ပြားမှ ထည့်ပေးမှာမဟုတ်ဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မဟုတ်လား။ ငွေရှိရင် အန္တရယ်က အများသားကိုး။

(၁၅) ကျွန်တော်ပြောသမျှအမိန့်ကို နာခံရမယ်လို့ ဘယ်တော့မှကျွန်တော်မပြောပါဘူး။ ကျွန်တော့ဆန္ဒတွေကို ဖြည့်ဆည်းပေးရင်တော်ပါပြီ။ မဖြည့်နိုင်ဘူးဆိုရင်လား ….

(၁၆) ဒါဆို နောက်တစ်ယောက်ရှာပစေပေါ့၊ မဟုတ်ဘူးလား။

Friday, 4 April 2008

letter

ဒီကြော်ငြာကို အရမ်းကြိုက်မိပါတယ်။ ပုံကြည့်တာနဲ့ ထွေထွေထူးထူး ပြောစရာမလိုအောင် သိသာနိုင်တဲ့ ကြော်ငြာလေးပါ။ အိုင်တီခေတ်တဲ့.. ကွန်ပြူတာတွေ၊ ဖုန်းတွေ၊ အီးမေးလ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေ၊ အိမ်သူ အိမ်သား၊ ချစ်သူရည်းစားတွေကို ဆက်သွယ်ရလွယ်တဲ့ ဒီအီးခေတ်မှာ လက်ရေးနဲ့ ရေးတဲ့ စာဆိုတာ အတော်လေးကို ရှားပါးခဲ့ပါပြီ။ အေးစက်စက် ဖန်သားပြင်ပေါ်မှာ ဖတ်ရတဲ့ စာထက် ကိုယ်တိုင်လက်ရေးနဲ့ ဂရုတစိုက်ရေးတဲ့ စာက ပိုနွေးထွေးတယ် ဆိုတဲ့အကြောင်း.. ဝေးကွာနေတဲ့ အချိန်အတွင်းမှာ စာလေးတွေနဲ့ ပွေ့ဖက်ပါ။


Thursday, 3 April 2008

ဘ၀နဲ့ အချစ်


ဘ၀ဆိုတာ လမ်းမရှည်ကြီးတစ်ခုနဲ့ တူတယ်။ အဲဒီလမ်းက မသိခြင်း၊ အံ့သြခြင်းတွေနဲ့ ပြည့်နှက်နေတယ်။

ဘ၀ဆိုတာ ရွေးချယ်မှု ပုဒ်စာနဲ့တူတယ်။ ရွေးချယ်တာနောက်လိုက်ပြီး ကြုံတွေ့တာတွေ ကွာခြားသွားတယ်။

ဘ၀ဆိုတာ ပြိုင်ပွဲတစ်ခုနဲ့တူတယ်။ အနိုင်အရှုံးက အရေးမကြီးဘူး။ အဓိကက ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံပဲ။

ဘ၀ဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့ တူတယ်။ သောက်စမှာ ခါးသက်ပေမယ့် ဇိမ်ခံသောက်ကြည့်ရင် ချိုမြမြ အရသာကို နောက်ဆုံးမှာ ခံစားရတယ်။

ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ လူတစ်ချို့က ကိုယ့်ကိုယ်ကို ထွန်းတောက်အောင် သရုပ်ဆောင်တတ်ပေမယ့် တစ်ချို့က အရံအဖြစ်နဲ့သာ တစ်သက်လုံး သရုပ်ဆောင်ကြတယ်။

ဘ၀ဆိုတာ လှိမ့်နေတဲ့ ကျောက်ခဲတစ်လုံးနဲ့တူတယ်။ ငယ်ရွယ်စဉ် ချွန်ထက်နေတဲ့ ကျောက်ခဲမှသည် အိုမင်းချိန် လုံးချောတဲ့ ကျောက်ခဲအဖြစ်သို့ လှိမ့်နေရတယ်။

ဘ၀ဆိုတာ ၀င်္ကဘာတစ်ခုနဲ့တူတယ်။ ထွက်လမ်းတွေကို မပြတ်ရှာရင်း ကိုယ်နဲ့သင့်တော်မယ့်လမ်း တစ်ခုကို ရှာကြရတယ်။


အချစ်ဆိုတာ ပူနွေးမွေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက်နဲ့တူတယ်။ အေးသွားတာနဲ့ ခါးသက်သွားတယ်။

အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ။ အကိုင်မတတ်ရင် ကိုယ့်ကိုယ်ပြန်စူးစေတယ်။

အချစ်ဆိုတာ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်ထားလေလေ သဲတွေက လက်ထဲကနေ ထွက်ကျလေလေပဲ။

အချစ်ဆိုတာ မာရသွန်ပြေးနေတာနဲ့တူတယ်။ တာထွက်ကောင်းပေမယ့် တာဝင်လိမ့်မယ်လို့ တစ်ထစ်ချပြောလို့ မရဘူး။

အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့တူတယ်။ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာနောက်သာ လိုက်ကချင်ခဲ့တယ်။

999999999999999999999999 99999999999999999999999

ငါဟာ ငါဖြစ်တယ်


ဒီလောကမှာ ငါနဲ့လုံးဝတူတဲ့လူ မရှိဘူး
တစ်ချို့လူတွေ တစ်ချို့နေရာမှာ ငါနဲ့တူမယ်
ဒါပေမယ့် ငါနဲ့ လုံးဝတူတဲ့လူ မရှိဘူး။
ဒါကြောင့် ငါလုပ်သမျှ အားလုံးက
စစ်မှန်တဲ့ ငါ့ကိုယ်စားပြုတွေဖြစ်တယ်။
ငါရွေးချယ်ခဲ့တာဖြစ်တယ်။
ငါ့အရာအားလုံးကို ငါပိုင်ဆိုင်တယ်။
ငါ့ခန္ဓာက ပြုလုပ်သမျှအားလုံး
ငါ့ဦးနှောက်က တွေးတော၊ စဉ်းစားသမျှအားလုံး
ငါ့မျက်စိက မြင်သမျှ၊ ပုံဖော်မိသမျှအားလုံး၊
ဒေါသတွေ၊ အပျော်တွေ၊ စိတ်ညစ်တာတွေ
အချစ်တွေ၊ မျှော်လင့်ချက်မဲ့တာတွေ၊ စိတ်လှုပ်ရှားမှုတွေ
ထုတ်ဖော်ပြောဖြစ် မပြောဖြစ်တဲ့ ငါ့ခံစားချက်အားလုံး၊
ငါ့ပါးစပ်က ထုတ်ဖော်ပြောတဲ့ ယဉ်ကျေးတာ၊ ချိုသာတာ၊ ခါးသီးတာ
မှန်ကန်တာ၊ မမှန်ကန်တာတွေအားလုံး၊
ကျယ်လောင်တဲ့၊ တိုးတဲ့ ငါ့အသံတွေအားလုံး၊
လူတွေအတွက် ဒါမှမဟုတ် ငါ့အတွက် ပြုလုပ်တဲ့ ငါ့အပြုအမှုတွေအားလုံး၊

ငါပိုင်ဆိုင်တဲ့ စိတ်ကူး၊ အိပ်မက်၊ မျှော်လင့်ချက်နဲ့ ကြောက်ရွံ့မှုတွေ
ငါပိုင်ဆိုင်တဲ့ အောင်နိုင်မှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ မှားယွင်းမှုတွေ
ငါရှိသမျှကို ငါပိုင်ဆိုင်တဲ့အတွက်
ငါ့ကိုယ်ငါ ပိုရင်းနှီးတယ်
ငါကိုယ်ငါ ပိုချစ်တယ်။
ငါ့ကိုယ်ငါ ပိုင်ဆိုင်တဲ့အတွက်
ငါ့အစိတ်အပိုင်းတွေကို ငါမြတ်နိုးတယ်။
ငါကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။
ဒါကြောင့် ငါလုပ်ချင်တဲ့အလုပ်တွေကို ငါလုပ်နိုင်တယ်။
ငါအနှောင့်အယှက်ဖြစ်တဲ့ အစိတ်အပိုင်း
ငါနားမလည်တဲ့ အစိတ်အပိုင်းရှိတယ်ဆိုတာ ငါသိတယ်။
ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေကို ငါအမြတ်တနိုး ဆက်ဆံရင်
အခက်အခဲတွေကို ရင်ဆိုင်ဖို့ ငါ့မှာ သတ္တိတွေရှိလာတယ်။
မျှော်လင့်ချက်တွေရှိလာတယ်။

ဘယ်အချိန်ဖြစ်ဖြစ် ကြည့်တာ၊ ကြားတာ၊ ပြောတာ၊ လုပ်တာ၊ တွေးတာ
ငါခံစားတာတွေ အားလုံးဟာ ငါ့ဟာပဲဖြစ်တယ်။
ဒါတွေဟာ ငါလုပ်နေသမျှ
ငါ့ကိုယ်စားပြု အစစ်အမှန်တွေဖြစ်တယ်။

ငါရှိခဲ့သမျှ၊ ကြားသမျှ၊ ပြုခဲ့သမျှ၊ တွေးခဲ့သမျှ၊ ခံစားခဲ့သမျှကို
တစ်ချိန်ချိန်မှာ ငါပြန်ကြည့်တော့ တစ်ချို့က ပြောင်းလဲနေတယ်။

မသင့်တော်တာတွေကို ငါလွှင့်ပစ်ပြီး သင့်တော်တာကို ငါသိမ်းထားလိုက်တယ်။
အသစ်တွေကို ဆန်းသစ်ထီထွင်တယ်။
ငါမြင်နိုင်၊ ကြားနိုင်၊ ခံစားနိုင်၊ တွေးတောနိုင်၊ ပြောနိုင်၊ လုပ်နိုင်တာတွေ
လူတွေနဲ့ ပိုရင်းနှီးအောင်၊ ပိုကြွယ်ဝအောင်၊
ပိုဆန်းသစ်ထီထွင်အောင် ငါ့မှာနည်းရှိတယ်။
ငါဟာ ငါ့ကိုပိုင်ဆိုင်တယ်။
ဒါကြောင့် ငါ့ကိုယ်ငါ မောင်းနှင်တယ်။
ငါဟာငါပဲဖြစ်တယ်။
ငါဟာ ငါဖြစ်တယ်။